(စ)-ပြည်တွင်းရေကြောင်းသင်္ဘောနှင့်စပ်လျဉ်းသည့်မေးခွန်း
ရမ်းဗြဲမြို့နယ်ဟာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီးတော့ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၏ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့နဲ့ဆက်သွယ်ရာမှာ အဓိကအားဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများကို သာအားထားနေရပါတယ်။ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက်လည်းပဲ အခိုင် အမာ ဆိပ်ခံတံတားတည်ရှိပြီးဖြစ်ပါတယ်။ သို့ရာတွင် ယခုအခါ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများဟာ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစပြီးတော့ကာ စက်သုံးဆီအခက်အခဲကြောင့်လုံးဝ ဆိုက်ကပ်ခြင်းမပြုတော့ပါသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံလူတန်းစားများ၊ ခရီးသွား ပြည်သူ များခရီးသွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။ ပုဂ္ဂလိကပိုင်ရှိပြီးသား အမြန်လိုင်းဘုတ်မှာ လည်းဆိပ်ကမ်းသို့ ဝင်ရောက်မှုမရှိဘဲ မြစ်ဝတွင်သာ ရပ်နားပြီး ခရီးစရိတ်ကလည်း အင်မတန်ကြီး လေးလှပါတယ်။ သို့ပါ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှု အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်အတွက် ယခင်ပုံမှန်ပြေးဆွဲနေကြအတိုင်း ပြည်တွင်းရေကြောင်း ပိုင်သင်္ဘောများ နောင်တွင် ပြေးဆွဲ၊ ဝင်ထွက်၊ ဆိုက်ကပ်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ပြေးဆွဲနိုင်မည်နှင့် ပြေးဆွဲမည့်အစီအစဉ်ကို သိလိုပါကြောင်းမေးမြန်းပါသည်။