(ဆ)-မဟာဓာတ်အားလိုင်းသွယ်တန်းပေးရန် အစီအစဉ်နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းမှာ မြို့နယ်ခုနှစ်မြို့နယ်ရှိသည့်အနက် မြို့နယ်ခြောက် မြို့နယ်မှာ မြို့များသာမကကျေးရွာများအထိ နိုင်ငံတော်မှဖြန့်ဖြူးသည့် မဟာဓာတ်အားလိုင်းကို သွယ်တန်းအသုံးပြုခွင့်ရရှိနေပြီဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းရောက်ရှိနေပြီဖြစ်သော ကောလင်း မြို့၊ ဝန်းသိုမြို့များနှင့် ၃၉ မိုင်သာကွာဝေးတဲ့ ပင်လည်ဘူးမြို့တစ်မြို့တည်းသာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲခွင့်ကျန်ရှိနေတာဖြစ်ပါတယ်။ သို့ဖြစ်တဲ့အတွက် ပင်လည်ဘူးမြို့နယ်သို့ ပြည်ထောင်စုအစိုးရအနေဖြင့် မဟာဓာတ်အားလိုင်းသွယ်တန်းပေးပါရန် အစီအစဉ်ရှိ၊ မရှိသိရှိလို ပါတယ်။ သွယ်တန်းပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ကာလတွင် သွယ်တန်းပေးမည်ဆိုတာ ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။