(င)-အင်းစိန် အကျဉ်းထောင်မှ တရားရုံးများတွင် အချုပ်တရားခံများနှင့် အမှုထပ်တိုးအကျ တရားခံများကို ရုံးချိန်းအလိုက် သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်သည့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ် ဒုက္ခကြီးစွာ လိုက်ပါနေရသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

(င)-အင်းစိန် အကျဉ်းထောင်မှ တရားရုံးများတွင် အချုပ်တရားခံများနှင့်အမှုထပ်တိုးအကျ တရားခံများကို ရုံးချိန်းအလိုက် သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်သည့် အခါ အထူးသဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်သို့ ရုံးထုတ် တရားခံများ ပို့ဆောင်ရာတွင် အင်အားမမျှမတ ဖြစ်နေသဖြင့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ် ဒုက္ခကြီးစွာ လိုက်ပါနေရသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်အကျဉ်းထောင်မှ တရားရုံးများတွင် အမှုရင်ဆိုင်လျက်ရှိသည့် အချုပ်တရားခံများနှင့် အမှုထပ်တိုးသည့် အကျတရားခံ များကို ရုံးချိန်းအလိုက် သက်ဆိုင်ရာတရားရုံးများသို့ ရုံးထုတ်သည့်အခါ အထူးသဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများဖြစ်ကြသော သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ် တရားရုံးများသို့ ရုံးထုတ်တရားခံများပို့ဆောင်သည့်အခါ အင်အားမမျှတ ဖြစ်သည့် အချုပ်သားများ ကျဉ်းကျဉ်းကျပ်ကျပ်နှင့် ဒုက္ခကြီးစွာခံစားလျက် လိုက်ပါနေရသည်ကို ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်သိပါသလား။ (ခ) မသိသေးပါက တရားရုံးသို့ ထုတ်သင်‌့သည့် အချုပ်သားများအား လူ့အခွင်‌့အရေးနှင်‌့ညီစွာ ခံစားနိုင်ရေးအတွက် မည်သို့ဆက်လက်ဆောင်ရွက် ပေးပါမည်နည်း။ (ဂ) သယ်ယူပို့ဆောင်ပေးသည့်အချုပ်ကားများသည်လည်း ဟောင်းနွမ်းချို့ယွင်း နေပြီဖြစ်၍ အန္တရာယ်နှင့်နီးကပ်နေသောကြောင့် ယာဉ်အသစ်များလဲလှယ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။