(ဆ)-လျှပ်စစ်ဓာတ်အား ရရှိပြီးသော မြို့နယ်များသို့ လျှပ်တာပြောင်း(Transformer)များ ထပ်မံချပေးရာတွင် (၁၁၀၀၀)ကေဗွီကြေးနန်းကြိုးများ၊ ကြွေသီး များနှင့် ဆက်စပ်ပစ္စည်းများ ချပေးခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

လျှပ်စစ်ဓာတ်အား ရရှိပြီးသော မြို့နယ်များမှာ လျှပ်တာပြောင်း(Transformer) များ ထပ်မံချထားပေးလျက် ရှိရာမှာ       ဒီ Transformer များသာပါပြီးတော့ ဆက်စပ်ပစ္စည်းများဖြစ်ကြသော ကြွေသီးများ၊ ၁၁၀၀၀ ကေဗွီ ကြေးနန်းကြိုးများ၊ တိုင်များနှင့် သယ်ယူခများပါရှိလာခြင်းမရှိသဖြင့် မိဘပြည်သူများမှာ ယင်းဆက်စပ် ပစ္စည်းများအတွက် သိန်း ၃၀၊  သိန်း ၈၀၊ သိန်း ၁၂၀ စသည်ဖြင့် ထည့်ဝင်နေကြရသည်ဟု သိရှိရပါ တယ်။ ယခုအခါတွင် နိုင်ငံတော်၏ တာဝန်များကို မိဘပြည်သူများမှ တတ်နိုင်သမျှ မျှတထမ်းဆောင်ရ မည်မှာ မှန်သော်လည်း စိုက်ထုတ်ရမည့်ငွေကြေးများ များပြားလာပါက စိုက်ထုတ်နိုင်ခြင်းမရှိတဲ့ အတွက် ရရှိလာသော Transformer များ တပ်ဆင် နိုင်ခြင်းမရှိပါ။ သက်ဆိုင်ရာသို့တင်ပြသော်လည်း မတတ်နိုင်ပါက တတ်နိုင်မှ သာလျှင် တပ်ဆင်ပေးမည်ဟုသာ ပြောပြီး မိမိတို့အနေဖြင့် Transformer များသာရရှိလို့ ဆက်စပ်ပစ္စည်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပေးခြင်းမရှိသောကြောင့် တပ်ဆင်ပေးနိုင်ခြင်း မရှိကြောင်း သိရှိရပါတယ်။ သို့ပါ၍ Transformer များချထားပေးပြီးဖြစ်သော ကြံခင်းမြို့နယ်အတွက် ဆက်စပ် ပစ္စည်းများချထားပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။