(ဂ)-မြစ်ရေတင်စီမံကိန်း ၁၊ ၂ နှင့် ၃ တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

အရာတော်မြို့နယ်မှာ နိုင်ငံတော်က စိုက်ပျိုးရေရရှိရေးအတွက် လျှပ်စစ်မြစ်ရေတင်စီမံကိန်း သုံးခုဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ သုံးခုဆောင်ရွက်တဲ့နေရာမှာ မြစ်ရေတင်(၂)နှင့်(၃)ကိုတော့ ကျွန်တော်တို့ ဆောင်ရွက်တာ လျှပ်စစ်သွယ်တန်းဖို့ပဲ ကျန်ပါတော့တယ်။ မြစ်ရေတင်စီမံကိန်း(၁)ကိုတော့ ယခုအချိန်အထိ ဆောင်ရွက်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ အရာတော် မြစ်ရေတင် (၁)စီမံကိန်းကို တည်ဆောက်ဖို့ အစီအစဉ်ရှိပါသလားဆိုတဲ့ မေးခွန်းနဲ့ မြစ်ရေတင်(၂)နှင့် (၃)စီမံကိန်းကို မည်သည်‌့အချိန်မှာပြီးစီးဖို့ လျာထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။