(ဆ)-ဒေသခံ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-23
ပထမအကြိမ်ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်များမှ အခြေခံပညာကျောင်းများတွင် ဒေသခံဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်းမေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ဒေသခံဆရာ၊ ဆရာမများဦးစားပေးခန့်ထားခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားခဲ့သော်လည်း ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်များ၏ ဒေသခံဘာသာစကားနဲ့ ဓလေ့ထုံးစံကို နားလည်သော ဇာတိနွယ်ဖွား ဒေသခံဆရာ၊ ဆရာမများရရှိအောင် မည်ကဲ့သို့ဆောင်ရွက်လျက် ရှိသည်ကို သိလိုပါကြောင်းမေးမြန်း အပ်ပါတယ်။