(ခ)-ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုနှင့် စိုက်ပျိုးမြေဧရိယာများသည် သစ်ရာပင် ကြိုးဝိုင်းနှင့် သိုက်ထင်းကြိုးဝိုင်းအတွင်းရှိနေသဖြင့် ကျေးရွာအုပ်စုပိုင် မြေနှင့်လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

(ခ)-ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုနှင့် စိုက်ပျိုးမြေဧရိယာများသည် သစ်ရာပင် ကြိုးဝိုင်းနှင့် သိုက်ထင်းကြိုးဝိုင်းအတွင်းရှိနေသဖြင့် ကျေးရွာအုပ်စုပိုင် မြေနှင့်လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ နှင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့်မေးခွန်း။

 

ကျွန်းလှမြို့နယ်က ပြီးခဲ့တဲ့ ၁၉၆၆ ခုနှစ်ကစတင် တည်ဆောက်ပြီး ၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ သဖန်းဆိပ်ဆည်ကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ကျွန်တော်တို့ ကျွန်းလှမြို့အပါအဝင် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီလိုရွှေ့ပြောင်းခဲ့ကြတဲ့အခါမှာ ကျွန်းလှမြို့အပါအဝင် သဖန်းဆိပ်ဆည်ရဲ့အရှေ့ဘက်မှာ ၃၉ ရွာတည်ရှိပြီးတော့ သဖန်းဆိပ်ဆည်ရဲ့ အနောက်ဘက်မှာ ၈၃  ရွာတည်ရှိပါတယ်။အဲဒီလိုတည်ရှိတဲ့အချိန်မှာ အဲဒီတုန်းကတော့ ကျွန်တော်တို့ ဆည်စီမံကိန်းက နိုင်ငံတော်စီမံကိန်း ွဖစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီတုန်းက တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများအနေနဲ့ ဆည်ကိုပဲအဓိကတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ မြို့ရွာ ပြောင်းရွှေ့ရေးနှင့်ပတ်သက်လို့ သာမညသဘောမျိုးထားပြီးတော့ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ ၁၆ နှစ်တာကာလအတွင်းမှာ ကျွန်တော်တို့ ကျွန်းလှမြို့နယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ သိသိသာသာကူညီစောင့်ရှောက်မှုဆိုတာ လက်ရှိအခြေအနေအထိ ခံစားမှုမရှိရသေးပါ ဘူး။ ဒါကိုလည်း ကျွန်တော်တို့ ကျွန်းလှမြို့နယ်သူ မြို့နယ်သားများအနေနဲ့ ယနေ့အချိန်ထိ မျှော်လင့် စောင့်စားလျက်ရှိပါတယ်။ အဲဒီလိုမျှော်လင့်စောင့်စားပြီးရှိနေတဲ့ အခက်အခဲတွေထဲမှာ အခုကျွန်းလှ မြို့နယ်က ရွှေ့ပြောင်းတဲ့ကျေးရွာတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့ကြိုးဝိုင်းတွေအတွင်းမှာ ကျေးရွာတွေရောလယ်ယာမြေတွေရော ချမှတ်ပေးခဲ့ ပါတယ်။ ဒါပေမယ့်လို့ အဲဒီဟာတွေဟာ လက်ရှိအခြေအနေထိ ကျေးရွာပိုင်မြေ၊ လယ်ယာမြေတွေ အဖြစ် သတ်မှတ်ပေးခြင်းမရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉ အုပ်စုနဲ့ စိုက်ပျိုးမြေဧရိယာများသည် သစ်ရာပင်ကြိုးဝိုင်းနှင့် သိုက်ထင်းကြိုးဝိုင်း အတွင်းမှာ ရှိနေတဲ့အတွက်ကြောင့် ကျေးရွာအုပ်စုပိုင်မြေနဲ့ လယ်ယာမြေများအဖြစ် ပြောင်းလဲပေးနိုင် ခြင်း အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။