(ဂ)-ကုန်လှောင်ရုံသီးနှံများကိုအာမခံထား၍ချေးငွေရရှိရေးနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

သီးနှံကုန်သွယ်မှု လုပ်တဲ့လုပ်ငန်းမှာ သီးနှံများကိုဝယ်ယူခြင်း၊ သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်းလုပ်တဲ့နေရာမှာ ငွေကြေးအမြောက်အများ စိုက်ထုတ်သုံးစွဲကြရတယ်လို့ သိရှိရပါတယ်။ အဲဒီလို ငွေကြေးအမြောက်အမြား စိုက်ထုတ်သုံးစွဲသိုလှောင်ထားပြီးတဲ့နောက်ပိုင်းမှာ တင်ပို့ဖို့စရိတ်နဲ့ နောက်ထပ်သီးနှံတွေ ထပ်မံဝယ်ယူဖို့အတွက် ငွေကြေးလိုအပ်ချက်များ အချို့ရှိကြတာကိုသိရှိရပါ တယ်။ အဆိုပါငွေကြေးလိုအပ်ချက်ကို ဝယ်ယူသိုလှောင်ထားတဲ့သီးနှံကို အာမခံထားရှိပြီးတော့မှ ချေးငွေအစီအစဉ်များ လုပ်ပေးနိုင်မယ်ဆိုရင် ငွေကြေးလှည်‌့ပတ်မှုမြန်ဆန်ပြီးတော့ သီးနှံအသစ်များကို စဉ်ဆက်မပြတ် ဝယ်ယူပြီးတော့မှ ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် သွားနိုင်မှာ ဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့ တောင်သူလယ်သမားများပါ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သီးနှံကုန်သွယ်မှုလုပ်ငန်းမှာ ဝယ်ယူသိုလှောင်ထားတဲ့သီးနှံကို အာမခံထားရှိပြီးတော့မှ ချေးငွေဆောင် ရွက်ပေးမယ့် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ ချေးငွေဆောင်ရွက်ပေးမယ့် အစီအစဉ် ရှိပါက မည်သိုဆောင်ရွက်ပေးမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။