(ဂ)-အခြေခံပညာရေးဆိုင်ရာဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးရန်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

 

ပညာရေးစနစ်ရဲ့မူဟာ ကျောင်းအဆင့်တိုးမြှင့်ရေး၊ မူလတန်း ဆရာဆရာမများခန့်ထားရေးမူဟာ ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းထားတဲ့မူများဖြစ်နေပါတယ်။ ယနေ့ ဖွဲ့စည်းပုံအ‌ွခေခံဥပဒေအရ ပြောင်းလဲသင်‌့တဲ့မူများဖြစ်နေတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဥပမာအနေနဲ့ တင်ပြရရင် ကျွန်တော် တို့ မူလတန်းကျောင်းတစ်ကျောင်းကို ပထမဆုံး တွဲဖက်မူလတန်းကျောင်း ဒုတိယအဆင်‌့ခွဲကျောင်း နောက်မှ ပတ်ကားကျောင်း၊ အလယ်တန်းအဆင့်မှာ မူလွန်အဆင့် အလယ်တန်းကျောင်းခွဲ အလယ်တန်းကျောင်းဆိုပြီးတော့ အဆင့်တွေများနေပါတယ်။ အဲဒီတော့ မူလွန်အဆင့်မူလတန်းမှာ တွဲကျောင်းဆိုရင် ကျွန်တော်တို့က မိဘတွေက ဆရာငှားရမ်းရပါတယ်။ အလယ်တန်းအဆင့်မှာ မူလွန် ဆိုရင် အလယ်တန်းကျောင်းဆရာတွေကို ပြည်သူလူထုက ငှားရမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တွဲကျောင်းအဆင့်ကို မူလတန်းအဆင့်မှတွဲကျောင်းအဆင့်ကို ဖြုတ်ပေးစေလိုပါတယ်။ အလယ်တန်း အဆင့်မှာလည်းပဲ မူလွန်အဆင့်ကို ဖြုတ်ပေးသင့်ပါတယ်။ ဒါမှသာလျှင် ပြည်သူတွေရဲ့ ပညာရေးရဲ့ လိုလားချက်အပေါ်မှာ လိုအပ်ချက်အပေါ်မှာ ထမ်းဆောင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ မူလတန်းခန့်ထားရေး၊ ပြောင်းရွှေ့ရေးမှာလည်း တကယ်တမ်း ဆရာ ဆရာမတွေမို့လို့ အနီးစပ်ဆုံးဖြစ်တဲ့ မြို့နယ်အဆင့်ပညာရေးမှူးနဲ့ ခရိုင်ပညာရေးမှူးတို့ကို တာဝန် ပေးစေချင်ပါတယ်။ အလယ်တန်းအဆင့်ကိုတော့ တိုင်းအဆင့်က ခန့်ထားပြောင်းရွှေ့ပြီးတော့ အထက်တန်းအဆင့် ပြောင်းရွှေ့ရေး၊ ခန့်ထားရေးကိုတော့ တိုင်းဒေသကြီးနဲ့ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးမယ် ဆိုရင် အ‌ွခေခံပညာရေးစနစ်က ပိုမိုလျင်မြန်သွက်လက်ပြီးတော့ ထိရောက်လာမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော် တို့ ပုဒ်မ ၂၈ ပုဒ်မခွဲ(ဃ)မှာ အခမဲ့မသင်မနေရ မူလတန်းစနစ် သင်ယူရမယ်ဆိုတာ အ‌ွခေခံဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ အဲဒီတော့ ခုနက ပြောခဲ့တဲ့ မူလွန်တို့ တွဲကျောင်းတို့ဆိုတာကိုတော့ ဒါတွေ ဖြုတ်ပစ်မှသာလျှင် ဒါ အခမဲ့စနစ်ဟာ ပီပီပြင်ပြင် ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အ‌ွခေခံပညာရေးနဲ့ပတ်သက်ပြီးတော့ အ‌ွခေခံဥပဒေမှာ အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခြင်း ပုဒ်မ ၉၈  ပြည်ထောင်စုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  ဥပဒေစာရင်းများတွင် ဖော်ပြ မထားသော အခြားကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စု လွှတ်တော်သို့ အပ်နှင်းသည်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ၃ ဖွဲ့ ရဲ့ ဥပဒေပြုစာရင်းမှာဖော်ပြမထားတဲ့ အခြေခံပညာရေးဆိုင်ရာဥပဒေကို ဒါပြည်ထောင်စုလွှတ်တော် ကသာ ပြဋ္ဌာန်းပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်မေးခွန်းကို သက်ဆိုင်ရာဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းလိုတာက သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အခြေခံပညာရေးဥပဒေကို ခေတ်နှင်‌့  လျော်ညီစွာ ဥပဒေရေးဆွဲပြီးတော့ ပြည်သူ့လွှတ်တော်မှတစ်ဆင့်  ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိဆိုတာကို မေးမြန်းပါသည်။