(ဃ) လုပ်သက် ၂၀နှစ် အထက် အခြေခံပညာအလယ်တန်းပြနှင့် အထက်တန်းပြ ဆရာ/ဆရာမများနှင့် သတ်မှတ် လုပ်သက်ရမှတ်ရှိသော အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း ကျောင်းအုပ်များကို ရာထူးတိုးမြှင့် ခံစားခွင့်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 

(ဃ)-လုပ်သက် ၂၀ နှစ်အထက်ရှိ အ‌ွခေခံပညာအလယ်တန်းပြနှင့် အထက်တန်းပြဆရာဆရာမများကို ရာထူး တိုးမြှင့်ခံစားခွင့်ရှိ၊ မရှိနှင့် သတ်မှတ်လုပ်သက်ရမှတ်ရှိသော အ‌ွခေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်များကို ရာထူးတိုးမြှင့်ခံစားခွင့်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မူလတန်းပြလုပ်သက် ၂၀ နှစ်နဲ့ ၂၀ နှစ် အထက်ရရှိတဲ့ အ‌ွခေခံပညာကျောင်းများမှ မူလတန်းပြဆရာဆရာမများကို အလယ်တန်းပြပညာရှင် အဆင့်(၂)သို့ ရာထူးတိုးလစာ ချီးမြှင့်ခံစားစေကြောင်း ဝမ်း‌ွမောက်စွာ လေ့လာသိရှိရပါတယ်။ ၎င်းနည်းတူ အ‌ွခေခံပညာကျောင်းများရှိ လုပ်သက် ၂၀ နဲ့ ၂၀ နှစ်အထက်ရှိတဲ့ အလယ်တန်းပြ ဆရာဆရာမများနဲ့ အထက်တန်းပြဆရာဆရာများကို မူလတန်းပြဆရာဆရာမများကဲ့သို့ တိုးမြှင့်ခံစား ခွင့်ရရှိလိုပါတယ်။ ဒါ့အပြင် လုပ်သက်ရမှတ် ၇၉.၇၄ အမှားပြင်  လုပ်သက်ရမှတ် ၇၄ နှင့် အထက် ရရှိတဲ့ အခြေခံပညာမူလတန်းကျောင်းအုပ်ကြီးများကိုလည်း ပညာရှင်အဆင်‌့(၃)လစာသို့ တိုးမြှင့် ခံစားခွင့်ပြုလိုက်ကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။ ၎င်းနည်းတူ သတ်မှတ်လုပ်သက်ရမှတ်   ရှိတဲ့ အ‌ွခေခံပညာအလယ်တန်းကျောင်းအုပ်ကြီးများနဲ့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး များကိုလည်း မူလတန်းကျောင်းအုပ်ကြီးများကဲ့သို့ တိုးမြှင့်ခံစားခွင့်ရရှိလိုပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်။ မေးခွန်း(၁) ‌လုပ်သက် ၂၀ နှစ်နဲ့ ၂၀ နှစ်အထက်ရှိ အ‌ွခေခံပညာအလယ်တန်းပြဆရာဆရာမများနဲ့ အထက်တန်းပြ ဆရာဆရာမများကို လုပ်သက် ၂၀ နှစ် နဲ့ ၂၀ နှစ်အထက်ရှိ မူလတန်းပြ ဆရာဆရာမများ နည်းတူ ရာထူးတိုးမြှင့်၍ လစာတိုးမြှင့်ခံစားခွင့် ရှိ၊ မရှိနဲ့ ရှိပါက မည်သည့်နှစ်တွင် ခံစားခွင့်ပြုမည်ကို သိရှိလိုပါတယ်။ မေးခွန်း(၂) လုပ်သက်ရမှတ် ၇၄ နှစ်အထက်ရရှိတဲ့ အ‌ွခေခံပညာကျောင်းအုပ်ကြီးများ နည်းတူသတ်မှတ်လုပ်သက်ရရှိတဲ့ အ‌ွခေခံပညာ အလယ်တန်း၊ အ‌ွခေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများကိုလည်း တိုးမြှင့်ခံစားခွင့် ရှိ၊ မရှိ သိလိုပါတယ်။ မည်သည့်နှစ်တွင်ခံစားခွင့်ပြုမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။