(င) ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုမဟာဓာတ်အားလိုင်း မှတစ်ဆင့် သွယ်တန်းဆောင်ရွက်နေသော မဟဓာတ်အားလိုင်းများ၏ စီမံကိန်း လုပ်ငန်းများနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

 

မင်းဘူး-အမ်း-မင်းပြား-မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်း-စစ်တွေ မဟာဓာတ်အား လိုင်း၊ ဥသျှစ်ပင်-တောင်ကုတ်-မအီ-ရမ်းဗြဲ-ကျောက်ဖြူ မဟာဓာတ်အားလိုင်း၊ တောင်ကုတ်-သံတွဲ-ဂွ ဓာတ်အားလိုင်းပြီးတော့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်းတွေ အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ဘဏ္ဍာငွေလျာထားသတ်မှတ်ထားတာကို တွေ့ခဲ့ ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ကျွန်တော်တို့ ခွင်‌့ပြုရန်ပုံတွေကို ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေး တော့မှာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို စတင်ခဲ့တာ ဒီနေ့ဆိုရင် တစ်နှစ်ရှိတော့မှာဖြစ်ပါတယ်။ ဒီတစ်နှစ်အတွင်းမှာ ဒီစီမံကိန်းတွေမှာ မည်သည့်လုပ်ငန်းတွေကို ဆောင်ရွက်ပြီးစီးခဲ့ပြီးတော့ မည်သည့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ကျန်နေသေးလဲ။ ဒါတွေကို ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းက မိဘ ပြည်သူတွေက သိချင်နေကြပါတယ်။ ပြီးတော့ ဘယ်တော့ပြီးမှာလဲ။ ဒါကိုသိချင်နေကြပါတယ်။ ဒါနဲ့ကြောင့် ကျွန်တော်အောက်ပါမေးခွန်းတွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း လိုပါတယ်။ (က) ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုမဟာဓာတ်အားလိုင်းမှတစ်ဆင့် သွယ်တန်း ဆောင်ရွက်နေသော မဟာဓာတ်အားလိုင်းများ၏ စီမံကိန်းလုပ်ငန်းစတင်ချိန်မှ ယနေ့အထိ လုပ်ငန်း များ မည်မျှဆောင်ရွက်ပြီးပါမည်နည်း။ ဆက်လက်လုပ်ဆောင်ရန် မည်သည့်လုပ်ငန်းများ ကျန်ရှိနေ သေးသနည်း။ (ခ) မည်သည့်အချိန်တွင် လုပ်ငန်းများအားလုံးပြီးစီး၍ ရခိုင်တစ်ပြည်နယ်လုံး မြို့ပေါ်၊ ကျေးလက်ဒေသပါမကျန် လျှပ်စစ်မီး ၂၄ နာရီ သုံးစွဲခွင်‌့ရရှိပါမည်နည်းဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။