(က) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်း အချက်အလက်နှင့် နည်းပညာ ဌာနတွင် လုပ်ကိုင်လျက် ရှိသော နေ့စား ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-23
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန တွင် လုပ်ငန်းလိုအပ်ချက်အရ ကျွမ်းကျင်ပညာရှင်များအား လျှောက်လွှာခေါ်ယူ၍ ခန့်ထားပေးခဲ့ရာ စီမံကိန်းနေ့စားအဖြစ် ဆောင်ရွက်လျက်ရှိကြသော နေ့စားဝန်ထမ်းများမှာ လုပ်သက်သက်တမ်း ၁ နှစ် မှ ၅ နှစ်အထိ ရှိနေကြကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနတွင် လုပ်ကိုင်လျက်ရှိသော နေ့စားဝန်ထမ်းများအား ပေးထားသည့် နေ့တွက်စရိတ် လုပ်ခများသည် ခေတ်စနစ်နှင့် လျော်ညီခြင်းရှိ၊ မရှိနှင့် အဆိုပါနေ့စားဝန်ထမ်းများအား အမြဲတမ်း ဝန်ထမ်းများအဖြစ် ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။