(င)-ပြည်တွင်း ကြွေးမြီပေးဆပ်ရေး အတွက် မည်သို့ စီမံဆောင်ရွက် နေကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-23
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းမှ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့်နှင့် ပြည်တွင်းကြွေးမြီ ကျပ် ၉.၉ ထွီလီယံခန့်ရှိကြောင်း ပြောကြားသွားပါတယ်။ ပြည်တွင်း လည်ပတ်ငွေကတော့ ၆ ထွီလီယံရှိကြောင်းသိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ ငွေထက် အကြွေးတွေက ပိုများနေပါတယ်။ နိုင်ငံခြားကြွေးမြီပေးဆပ်ရေး လျှော့ပေါ့ပေးရေး၊ လျှော်ပစ် ရေးစသည်ဖြင့်ကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်မှာ လာရောက်တင်ပြဆောင်ရွက်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်သူ့တွေက သိရှိရပါတယ်။ သို့သော်လည်း ပြည်တွင်း ကြွေးမြီပေးဆပ်ရေးအတွက် ဘယ်လိုဆောင်ရွက်နေတာ မသိရှိရတဲ့အတွက် ၎င်းကိစ္စသိရှိလိုကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါသည်။