(စ)-ရပ်ကွက် ၃ ခုအား လျှပ်စစ်မီးရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အောက်ဖော်ပြပါရပ်ကွက်သုံးခု ယနေ့တိုင် လျှပ်စစ်မီးမရရှိသေးပါ။ (၁) အမှတ် ၄ ရပ်ကွက်၊ ၁၉၉၅ ခုနှစ်မှာ ရပ်ကွက်အဖြစ်စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးတော့ အိမ်ခြေ ၁၆၅ လုံး ၊လူဦးရေ ၁၂၀၀ ခန့်နေထိုင်ပါတယ်။ (၂) အမှတ် ၁၅ ရပ်ကွက်၊ ၂၀၀၈ ခုနှစ်မှာ အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံဝန်းကနေ ပြောင်းရွှေ့လာရခြင်းဖြစ်ပြီး အိမ်ခြေပေါင်း ၄၂၄ လုံး၊ လူဦးရေ ၅၂၀၀ ခန့်နေထိုင်ပါတယ်။ (၃) အမှတ် ၂၀ ရပ်ကွက်၊ ၁၉၉၅ ခုနှစ် မှာရပ်ကွက်သစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အိမ်‌ြခေ ၁၁၃၈ လုံး၊ လူဦးရေ ၅၂၀၀ ခန့်နေထိုင်ပါတယ်။ အထက်ပါ ရပ်ကွက်သုံးခု လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်ပါမည်ကို မေးမြန်းပါသည်။