(က)-ဘုရားကြီးစံပြကျေးရွာမှ မော်လမြိုင်လမ်းပိုင်းအထိ ဖောက်လုပ်ထားသော (၂)လမ်းသွား ကားလမ်းအား (၄)လမ်းသွား ကားလမ်းအဖြစ် တိုးချဲ့ဖောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-23

ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်ဟာ ရန်ကုန်-မော်လမြိုင် ၂ လမ်းသွားကားလမ်းပေါ်တွင်တည်ရှိပြီး အဆိုပါ လမ်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ သွင်းကုန်ထုတ်ကုန်များကို သယ်ယူ ပို့ဆောင်ရာ လမ်းမကြီးဖြစ်သည့်အပြင် မြဝတီနယ်စပ်မှ ပြည်တွင်းသို့ တင်သွင်းလာသော လူသုံးကုန် အမျိုးမျိုးသယ်ဆောင်ရာတွင် အသုံးပြုသောလမ်းမကြီး ဖြစ်ပါတယ်။ နေ့စဉ် ယာဉ်ကြီး ယာဉ်ငယ်မျိုးစုံ အဆက်မပြတ်သွားလာနေသော လမ်းမကြီးလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးစံပြကျေးရွာမှ မော်လမြိုင် လမ်းပိုင်းအထိ ဖောက်လုပ်ထားသော ၂ လမ်းသွားကားလမ်းကို ၄ လမ်းသွားကားလမ်းအဖြစ်   တိုးချဲ့ ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိသည်ဆိုပါလျှင် မည်သည်‌့အချိန်တွင် ဆောင်ရွက်ပါ မည်နည်း။ အစီအစဉ်မရှိလျှင် အဘယ်ကြောင့်ပါနည်းသိလို၍ မေးမြန်းပါသည်။

(ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ရွှေရဲ့ကိုယ်စား ဖြူးမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်က မေးမြန်းပါသည်။)