(စ)-မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ရေးနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ နှစ်ပေါင်းကြာရှည်စွာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပါတယ်။ နှစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ ကိစ္စတွေအားလုံးကိုလည်းပဲ နှစ်နိုင်ငံ ခေါင်းဆောင်များ၊ နှစ်နိုင်ငံ ပြည်သူများက ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ပဲ       ဖြစ်ပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပေါ်နေတဲ့ ပင်လယ် နယ်နိမိတ် သတ်မှတ်ရေးအမှုနဲ့ စပ်လျဉ်းပြီးတော့မှ ကျွန်တော်တို့ လေ့လာတဲ့အခါမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းတာနဲ့တင် မလုံလောက်ဘဲနဲ့ ဥပဒေ‌ကြောင်းအရဖြေရှင်းလိုကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်‌နေ့က စတင်အဆိုပြု တောင်းခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ရေရှည်တည်တံ့ ခိုင်မြဲတဲ့၊ နှစ်ဖက်မျှတတဲ့ ‌ြဖေရှင်းမှုရှိဖို့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီးတော့မှ မြန်မာနိုင်ငံဘက်ကလည်းပဲ ‌ဥပဒေအရ ြဖေရှင်းပေးရန် သဘောတူလက်ခံခဲ့ကြောင်း လေ့လာသိရှိ ရပါတယ်။ အဲဒီနှစ်နိုင်ငံ ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို ပင်လယ်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံး(ITLOS)မှာ ဖြေရှင်းတင်သွင်းရန် နှစ်နိုင်ငံသဘောတူခဲ့ကြပြီးတော့မှ တရားရေး လုပ်ငန်းစဉ်များကိုလည်းပဲ ဆက်လက်ပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါတယ်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှ ၂၄ ရက်နေ့အထိ    ပင်လယ်ဥပဒေ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးတည်ရှိရာ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာ တရားသူကြီး   ၂၁ ဦး ရဲ့ ရှေ့မှောက်မှာ   ကျွန်တော်တို့    မြန်မာနိုင်ငံကရော၊   ဘင်္ဂလားဒေ့ရှ် နိုင်ငံကရော၊ ကြားနာမှုများ  အဆိုတင်သွင်းမှုများ  ပြုလုပ်ပြီး ဆက်လက်ပြီးတော့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့ကြောင့် မို့လို့ ကျွန်တော် မေးမြန်းချင်တဲ့ မေးခွန်းကတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံးနဲ့ ကြားနာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိတဲ့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်နိုင်ငံ တို့အကြား ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေးကိစ္စနဲ့ စပ်လျဉ်းပြီးတော့မှ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ဆောင်ရွက်ခဲ့မှုနဲ့ ဖြစ်ပေါ်တိုးတက်မှု အ‌ခြေအနေများကို သိရှိလိုပါကြောင်း ဖြေကြားပါသည်။