(ဇ)-CDMA ဖုန်းများအသုံးပြုနိုင်ရန်အစီအစဉ်နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-23
မိုင်းခတ်မြို့နယ်မှာ ဒီနှစ်ရက်၊ သုံးရက်အတွင်းမှာပဲ CDMA ဖုန်းခေါ်ယူဆက်သွယ်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသဖြင့်ဆောင်ရွက်ပေးသော နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ရှိကြောင်း မိုင်းခတ်မြို့နယ် ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ ဒါကြောင့် အချိန်ကိုငဲ့ညှာသော အားဖြင့် ကျွန်တော်တင်ပြထားသော CDMA ဖုန်းမေးခွန်းကိုမေးမြန်းခြင်းမှ ပြန်လည်ရုပ်သိမ်းကြောင်း တင်ပြပါသည်။
ဦးစဲကီကော်(မိုင်းခတ်မဲဆန္ဒနယ်) က ယင်းမေးခွန်းအားပြန်လည်ရုပ်သိမ်းခဲ့ပါသည်။