(ဂ)-သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနသိပ္ပံကျောင်းများဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-23
နိုင်ငံတိုင်းသည် တက္ကသိုလ် များ၊ သိပ္ပံကျောင်းများသာ ထူထောင်ခြင်းမျိုးမဟုတ်ဘဲ နည်းပညာပိုင်းအလိုက် ပိုမို၍တိုးတက်မြင့်မားရန် သုတေသနသိပ္ပံကျောင်းများကို ထူထောင်ပြီးဆောင်ရွက်ကြပါတယ်။ မြန်မာနိုင်ငံတွင် လက်ရှိတက္ကသိုလ် ကျောင်းများထဲမှ သင့်တော်သောတက္ကသိုလ်ကို သုတေသနသိပ္ပံကျောင်းအဖြစ်ပြောင်းလဲဖွင့်လှစ်ရန် အစီအစဉ်ရှိ၊မရှိနဲ့ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိလိုကြောင်း မေးမြန်းပါသည်။