(ခ)-ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွ မြေသားလမ်းပြုပြင်ပေးပါက ဂဝံလမ်းအဖြစ် ခင်းပေးရေး နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-23
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းရှိ သနပ်ပင်မြို့နယ်နယ်စပ်တွင်တည်ရှိသည့် ရစ်ကန်ကြီး-ပင်ကလောင်-သုံးခွလမ်းဟာ အရှည် ၉ မိုင် ၂ ဖာလုံရှိပါတယ်။ အဲ့ဒီလမ်းဟာ ရှိပြီးလမ်းဖြစ်ပြီးတော့ အခုအခါမှာလုံးဝပျက်စီးနေပါတယ်။ အဆိုပါလမ်းကို ကျေးရွာ ၁၅ ရွာ မှီခိုအားထားရပြီးတော့ အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများဟာ ရစ်ကန်ကြီးကျေးရွာရှိ အထက်တန်း ကျောင်းသို့ မိုးတွင်းကာလတွင် ကားလမ်းသွား၍မရသဖြင့် အခက်အခဲများစွာရှိပါသဖြင့် ပြုပြင် တည်ဆောက်ခြင်းအား ပထမဦးစွာ မြေသားလမ်းကောင်းမွန်အောင်ပြုပြင်ပေးရန်နှင့် လိုအပ်သည့် နေရာများတွင် တံတားငယ်များတည်ဆောက်ပေးပါရန်၊ မြေသားလမ်းပြုပြင်ပြီးပါက ဂဝံလမ်းအဖြစ် ခင်းပေးရေးဆောင်ရွက်ပေးပါရန် မေးမြန်းပါသည်။