(ခ)-နိုင်ငံတကာနှင့် ပြည်တွင်းမှရင်းနှီးမြှုပ်နှံမှုများအခြေအနေနှင့် အစိုးရသစ်ကာလပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးတက်ဖြစ်ထွန်းမှုအခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-23
ယခုအခါစနစ်သစ်နှင့် အစိုးရသစ်အုပ်ချုပ်ရေးကာလ ၆ လ နီးပါးရှိပြီဖြစ်ပါတယ်။ ယနေ့အထိ ပြည်တွင်းပြည်ပ၏ရင်းနှီးမြှုပ်နှံမှုအခြေအနေတိုးတက် ဖြစ်ထွန်းမှုရှိ၊ မရှိကိုယခင်ကာလများနှင့်နှိုင်းယှဉ်သိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ပါဝင်တဲ့ကော်မတီဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေနဲ့လည်း ပြည်ထောင်စုဝန်ကြီးဌာနများ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC တို့နှင့်ပူးပေါင်း၍ ယခုအစိုးရသစ် လက်ထက်တွင် မိမိတို့နိုင်ငံနှင့် သင့်တော်ကိုက်ညီသော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်စေရေး အတွက် အပြုသဘောဆောင်တဲ့ ဥပဒေပြုရေးလုပ်ငန်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟုတင်ပြမေးမြန်းပါသည်။