ဖြူးပြည်သူ့ဆေးရုံနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှာ လူဦးရေ ၂၇၀၀၀၀ ကျော်ရှိပြီး မြို့နယ်ဆေးရုံကို ၁၉၃၀ ခုနှစ်တွင် ၂၅ ခုတင်ဆံံ့ဆေးရုံ အဖြစ်လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် ၅၀ ခုတင်ဆံံ့ဆေးရုံအဖြစ်လည်းကောင်း တိုးမြှင့်ခဲ့ပါတယ်။ ယခုအခါ အလှူရှင်များလှူဒါန်းမှုကြောင့် ဖြူးမြို့နယ်ဆေးရုံ၌ ပင်မအဆောက်အဦ Main Building  နှစ်ထပ်ဆောင်တစ်ဆောင်၊ ကျားလူနာကု တစ်ထပ်ဆောင်တစ်ဆောင်၊ မလူနာကု တစ်ထပ်ဆောင် တစ်ဆောင်၊ ခွဲစိတ်ကုသခန်းနဲ့ သားဖွားခန်းတစ်ဆောင်၊ ဂါလံ ၃၂၀၀ ဆံ့ရေစင်နှင့် ရေစက် ၄ လက်မ အဝီစိတွင်းတစ်စုံ၊ ၃၂၅ ကေဗွီအေထရန်စဖော်မာတစ်လုံး၊ အရေးပေါ် ၂၅ ကေဗွီအေဂျင်နရေတာ အင်ဂျင်တစ်လုံး၊ လူနာစောင်‌့များနေရန် တစ်ထပ်ဆောင်တစ်ဆောင်နှင့် ကားရပ်ရန်ကားပါကင်နေရာ အပါအဝင် လစဉ် မန်းအောင်ငြိမ်းဖောင်‌ဒေးရှင်းမှ အလှူငွေ ၁၀ သိန်း၊ ချို့တဲ့သောလူနာများအတွက် ဆေးဖိုးထောက်ပံ့လျက်ရှိပါသဖြင့် ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်နိုင်သည့်အခြေအနေရှိနေပြီ ဖြစ်သောကြောင့် တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့် ရှိပါကမည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။