(ဂ)-မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-23
မေးခွန်းနံပါတ်(၁)ကတော့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုအသစ်ဖွဲ့တဲ့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအခန်းကဏ္ဍက ပါဝင် ဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ်။ မေးခွန်းနံပါတ် (၂) မည်ကဲ့သို့သော စက်မှုလုပ်ငန်းများကို ရည်မှန်းချက်ထားပြီးတော့မှ အကောင်အထည်ဖော်ဆောင်ရွက်မယ်ဆိုတာ သိလိုပါတယ်။ မေးခွန်း နံပါတ် (၃) မည်သို့သော အကျိုးကျေးဇူးများ ရရှိစေမည်ဆိုတာကို သိရှိလိုပါတယ်။ မေးခွန်းနံပါတ် (၄) နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကပိုင်စက်မှုလုပ်ငန်းများအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိမယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။