(ခ)-ကွန်ဟိန်းမြို့နယ်၊ မြို့နယ် စာရင်းစစ်ရုံးအဆောက်အဦ ဆောက်လုပ်ရန် အစီအစဉ်ရှိ^မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ကွန်ဟိန်းမြို့နယ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနှင့် တာချီလိတ်လမ်းမကြီးတစ်လျှောက်မှာ တည်ရှိပါတယ်။ မြို့နယ်စာရင်းစစ်ရုံးမရှိသေးပါဘူး။ မြို့နယ်စာရင်းစစ်ရုံးတည်ဆောက်ရန်အတွက် ဌာနပိုင်မြေရရှိထား ပြီးတော့ ၂၀၁၁ ခုနှစ်မှာ မြေဂရန်လျှောက်ထားကြောင်းကို သိရှိရပါတယ်။ မြို့နယ်အတွင်း မြို့နယ် စာရင်းစစ်ရုံးအဆောက်အဦရလို၍ ၂၀၁၀ -၂၀၁၁ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၂-၂၀၁၃ ခုနှစ်မှာတစ်ကြိမ် ပြည်နယ်စာရင်းစစ်ချုပ်အထိ ဘတ်ဂျက်တင်ပြတောင်းခံခဲ့သော်လည်း ယခုအချိန်အထိ မရသေး ကြောင်းသိရှိရပါတယ်။ မြို့နယ်စာရင်းစစ်ရုံးမှာ မိမိရဲ့ကိုယ်ပိုင်အဆောက်အဦ မရှိသေး၍ အခက်အခဲ များစွာကြုံတွေ့ နေရကြောင်းကိုလည်းကြားသိခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ ကွန်ဟိန်းမြို့နယ် မြို့နယ်စာရင်းစစ်ရုံး အဆောက်အဦဆောက်လုပ်ရန် အစီအစဉ်ရှိပါသလား။ အဆောက်အဦ ဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာထည့်သွင်းပေးနိုင်ပါမည်လား။ ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာ မထည့်သွင်းနိုင်သေးလို့ဆိုပါက အဘယ်ကြောင့်နည်း။ မည်သည့်အချိန်ကာလတွင် တည်ဆောက်ရန်စီစဉ်ထားပါသနည်း မေးမြန်းပါသည်။