(ဇ)-မြစ်ကြောင်းများကို ပြုပြင် ထိန်းသိမ်းမှု ပြုလုပ်ဆောင် ရွက်ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုးရာသီကာလ ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ ဧရာဝတီ၊ ချင်းတွင်းမြစ်များအပါအဝင် အချို့မြစ်ကြီးတွေမှာ ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ ရေကြောင်းပြောင်းလဲပြီး မြစ်ရေတိုက်စားမှုများကြောင့် မြို့နဲ့ကျေးရွာအချို့မှာ မြစ်ကမ်းပါးများ ပြိုကျခြင်း၊ လူနေအိမ်ွခေ၊ စေတီပုထိုး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစသည်တို့ ပျက်စီးပြောင်းရွှေ့ခဲ့ရတာ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံးအသိပဲ ဖြစ်ပါတယ်။ ယခု ဆောင်းအကုန်နွေကာလမှာ တောင်မှ သောင်များပေါ်ထွန်းပြီးတော့ မြစ်ကြောင်းတိမ်ကောလာပြီး မြစ်ကြောင်းပြောင်းလဲပြီး ရေတိုက်စားမှု ဖြစ်ပေါ်နေပါတယ်။ ရေလမ်းကြောင်းဟာလည်း ဒီနှစ်မှာဆိုရင် ယမန်နှစ်များကထက် ပိုမိုပြီးတော့ ရေကြောင်းများ ကျပ်တည်းလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဟုမ္မလင်းနဲ့ မုံရွာ ဆိုရင် ဟိုတုန်းက ခရီးသည် ၁၀၀ ကျော်စီးနင်းနိုင်တဲ့ အမြန်ယာဉ်ငယ်လေးတွေ တစ်ညအိပ်နဲ့ ရောက်နိုင်ပေမယ့်လို့ အခု နှစ်ညအိပ်အထိသွားရတဲ့ အွခေအနေတွေ ဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းတွေကို မေးမြန်းအပ်ပါတယ်။ ဒီအဆိုကို အတည်ပြုခဲ့ပြီးဖြစ်တဲ့ အတွက် မြစ်ကြောင်းများကို ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသလား။ ဒုတိယမေးခွန်း အနေနဲ့ ၎င်းမြစ်ကြောင်းထိန်းသိမ်းရေးကို ဘဏ္ဍာငွေမည်မျှသုံးစွဲ၍ မည်သည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသလဲ။ အနာဂတ်ကာလမှာ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နဲ့ အခြားမြစ်များ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ အထက်ပါဖော်ပြပါ ရေတိုက်စားမှုအန္တရာယ်များမှ ကာကွယ်နိုင်အောင် မည်သို့ဆောင်ရွက်ပါမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။