(က)-အင်းလေးကန်အတွင်းသန့်ရှင်းသောရေရရှိရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန်သည် လွန်ခဲ့သောသုံးနှစ်ခန့်က ရာသီဥတုပူနွေးပြီး မိုးနည်းလာမှုများကြောင့် ဘေးဝဲယာ တစ်လျှောက်ရှိရွာများသည် ယခင်က နွေရာသီကာလများ၌ပင် လှေများဖြင့်လှော်ခတ်သွားလာ မောင်းနှင်ခဲ့သော်လည်း ရေများခန်းခြောက်ခဲ့စဉ်က ချောင်းလယ်တွင်လှေဖြင့်သွားလာနိုင်ရန်ခက်ခဲ ခြင်း၊ မော်တော်များမောင်းနှင်သွားလာနိုင်ရန်ခက်ခဲခြင်း၊ အချို့ရွာများတွင် လူသွားလမ်းအထိ လုံးဝရေများခြောက်ခန်းသည်အထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ ရေစစ်ကန်များ ကိုယ်ထူကိုယ်ထတူးဖော် ခဲ့သော်လည်း လုံလောက်သောသောက်ရေကန်များမရရှိခဲ့ပါ။ အချို့အဝီစိတွင်းများ တူးဖော်ကြ သော်လည်း အောင်မြင်မှုနည်းပါးခဲ့ပါတယ်။ ယခု ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် မိုးများကြီးစွာရွာသွန်းမှုကြောင့် ကန်အတွင်းရေများ များပြားလာပြီဖြစ်သော်လည်း သန့်ရှင်းမှုနည်းပါး ခြင်း၊ နောင်အခါတွင် ရေရှားပါးလာမည်‌့အရေး စိုးရိမ်မှုများရှိနေပါသည်။ သို့ဖြစ်ပါသောကြောင့် သဘာဝအလျောက်ထွက်ရှိနေသော ရေထွက်များမှ ဘေးဝဲယာတစ်လျှောက်ရှိ ကျေးရွာများသို့ သန့်ရှင်းသော ရေကောင်းရေသန့်များရရှိစေရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။