(စ)-မိုင်းယန်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးခန့်ထားပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-23
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးခန့်ထားသော်လည်း ပြောင်းရွှေ့သွားသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။ ယခုအခါတွင် ပြည်သူများအနေဖြင့် သွားဘက်ဆိုင်ရာဆရာဝန်မရှိသဖြင့် အခက်အခဲကြုံတွေ့နေရပါသည်။ မိုင်းယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လိုအပ်နေပါသောကြောင့် သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးအား ခန့်ထားပေးရန် အစီအစဉ်ရှိ၊မရှိနှင့် မရှိပါကမည်သည့် အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်ကြောင်းကို သိရှိလိုကြောင်း မေးမြန်းပါသည်။