(ခ)-အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများသို့ နိုင်ငံတော်မှ တိုက်ရိုက်ချေးငှားရန်နှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-23

မြန်မာနိုင်ငံဟာ ၂၀၁၅ခုနှစ်တွင် လွတ်လပ်သော အာဆီယံဈေးကွက် AFTA အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိနေပြီး အာဆီယံလွတ်လပ်သော ဈေးကွက်အတွင်း အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်ယှဉ်ပြိုင်နိုင်စွမ်းမရှိပါက ကုန်သွယ်ရေးလိုငွေပြလာပြီး နိုင်ငံ၏စီးပွားရေးကို ဆိုးကျိုးသက်ရောက်လာစေနိုင်သည့်အပြင် မိမိတို့၏ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပြီး အလုပ်လက်မဲ့ပြဿနာများ ထူပြောလာနိုင်သည်အထိ ဖြစ်လာနိုင်ပါသည်။ ပထမအကြိမ် လွှတ်တော်မှာလည်း ဒီအသေးစား၊ အလတ်စားတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ချေးငွေထုတ်ပေးဖို့ရာ တင်ပြပေးခဲ့ပါတယ်။ တင်ပြတဲ့ အခါမှာ နိုင်ငံတော်ကလည်း ထုတ်ချေးပါတယ်။ အဲဒီအပိုင်းမှာ နိုင်ငံတော်အနေနဲ့ ထိုလုပ်ငန်းများ ဘဏ္ဍာငွေအထောက်အပံ့ပေးရေး အစီအစဉ်များ လုပ်ဆောင်လာနေသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိလာရပါတယ်။ အဆိုပါစက်မှုလုပ်ငန်းများအတွက် ချေးငွေဥပဒေတစ်ရပ် ဖြစ်ပေါ်လာရာ၌ ယင်းစက်မှုဖွံ့ဖြိုးရေးချေးငွေတို့ကို စက်မှုဇုန်များမှ တစ်ဆင့်ချေးမည့်အစား စက်မှုလက်မှုလုပ်ငန်းများ သို့ တိုက်ရိုက်ချေးငှားပါက အတိုးနှုန်းလျှော့ရခြင်းမှာ ထိရောက်နိုင်မှုရှိမည် ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၃၀ အရ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး အတွက် လိုအပ်သည့်နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်းအစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည်‌့ဆည်းပေးရမည်ဟု ဆိုထားပါသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရှင်သန်ပြီး ကြီးထွားလာစေရန် ရည်ရွယ်၍ ထိုလုပ်ငန်းများအပေါ် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေးရေး လုပ်ဆောင်နေမှုအ‌ြခေအနေများကို အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များအကျိုးငှာ လွှတ်တော်သို့ အောက်ပါမေးခွန်းသုံးရပ်ကို မေးမြန်း အပ်ပါတယ်ခင်ဗျား။ (၁) ထိုအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို နိုင်ငံတော်မှ တိုက်ရိုက် ချေးငှားရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ မေးခွန်းနံပါတ် (၂) အစီအစဉ်ရှိပါက မည်သည်‌့အချိန် ကာလတွင် အကောင်အထည် ဖော်ရန်ရှိပါမည်နည်း။ မေးခွန်းနံပါတ် (၃) ပြုလုပ်ပေးမည်‌့ အစီအစဉ် မရှိသေးပါက အဘယ့်ကြောင့်ပါနည်းကို မေးမြန်းပါသည်။