(က)-အမေရိကန်ပြည်ထောင်စု၊ အနောက်ဖက်ကမ်းခြေ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတစ်ရုံး ဖွင့်လှစ်ပေးရန် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ တိုးချဲ့ ဆောင်ရွက်နေတဲ့အခါ ကျွန်တော်တို့နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေခွင့်ပြုချက်အရ သံရုံးများ၊ ကောင်စစ် ဝန်ချုပ်ရုံးများကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစုနေထိုင်ကြတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျွန်တော်တို့ အမေရိကန် နိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေ ဝါရှင်တန်မြို့မှာ မြန်မာသံရုံး၊ နောက်ပြီးတော့ နယူးယောက်မြို့မှာ ကျွန်တော်တို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ တွဲဖက်ပြီးတော့ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံး ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်အသီးသီးက အများစုဟာ ဝါရှင်တန်သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရပြီးနောက် နယူးယောက်မြို့ မြန်မာကောင်စစ် ဝန်ချုပ်ရုံးကတော့ အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ပြည်နယ်သုံးခုအတွက် ကောင်စစ်ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းခြေ ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကိုမှာဆိုလို့ရှိရင် မြန်မာနိုင်ငံသားအများစုနေထိုင်ပါတယ်။ ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားအများစု အနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ၊ ကောင်စစ်ရေးရာကိစ္စ၊ အခွန်ပေးဆောင်ခြင်းကိစ္စစသည်တို့မှာ ကျွန်တော်တို့ ဝါရှင်တန်မြို့ မြန်မာသံရုံးကို ပေးပို့ပြီးတော့ ဆောင်ရွက်နေရပါတယ်။ ဝါရှင်တန်နဲ့ အနောက်ဘက်ကမ်းခြေဟာ ဆိုလို့ရှိရင် စံတော်ချိန်အားဖြင့် ၃ နာရီကွာခြားပြီးတော့ ခရီးအင်မတန် အလှမ်းဝေးတဲ့နိုင်ငံဖြစ်ပါတယ်။ အဲတော့ ဒီလိုဆောင်ရွက် တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်ကိစ္စဆောင်ရွက်တဲ့နေရာမှာ အနောက်ဘက်ကမ်းခြေ ကနေ အရှေ့ဘက်ကမ်းခြေပို့ဖို့ အချိန်ယူဆောင်ရွက်ရသလို အနောက်ဘက်ကမ်းခြေမှာရှိတဲ့ ကွြန်တော်တို့ အမေရိကန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားသားတွေ မြန်မာပြည်ကို လာချင်လို့ရှိရင်လည်း ဗီဇာကိစ္စဆိုလို့ရှိရင် ကျွန်တော်တို့ ဝါရှင်တန်သံရုံးကို ပေးပို့ပြီးတော့ ဆောင်ရွက်ရပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အချိန်မီဆောင်ရွက်နိုင်တဲ့ ကိစ္စများရှိသလို အချို့အရေးပေါ်ကိစ္စတွေမှာတော့ ဖြင့် ကွြန်တော်တို့ သိပ်အဆင်မပြေလှဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် ကွြန်တော်တို့ အနောက်ဘက် ကမ်းခြေမှာရှိတဲ့ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များ စသည့်ပုဂိဂုလ်များဟာ ကွြန်တော်တို့ အနောက်ဘက်ကမ်းခြေမှာ ကောင်စစ် ဝန်ချုပ်ရုံးတစ်ရုံး ဖွင့်လှစ်ပေးဖို့ လိုလားနေကြပါတယ်။ ဒီလိုလိုလားနေကြကြောင်းကိုလည်း ကွြန်တော်တို့ သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ကွြန်တော်တို့ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ကမ်းခြေမှာ ကောင်စစ်ဝန်ချုပ်ရုံး တစ်ရုံးဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းပါသည်။