(ခ)-မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-23

မြန်မာနိုင်ငံတွင် ၁၉၆၅-၁၉၆၇ ခုနှစ်အထိ ရန်ကုန်မြို့တွင် ဗိုလ်တထောင်သတင်းစာ၊ မန္တလေးမြို့တွင် လူထုသတင်းစာစသည့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရခဲ့သည်ဆိုလျှင် မှန်ပါ သလား။ တော်လှန်ရေးကောင်စီခေတ်ကပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာများထုတ်ဝေခွင့်ပေးခဲ့သည်ကို ယနေ့ ယင်းဥပဒေတည်ဆဲကာလ     တွင်ပင် ပြည်ထောင်စုအစိုးရက ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်ပြုပါမည်လား။ ထုတ်ဝေခွင့်မပြုပါက အဘယ်ကြောင့်နည်းကို မေးမြန်းပါသည်။