(စ)-သက်တော်ရေလှောင်တမံ(၂)၏ လိုအပ်လျက်ရှိသော ပင်မရေပေးမြောင်းမကြီးနှင့် မြောင်းလက်တံ များအား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သက်တော်ရေလှောင်တမံနှင့် ပင်မမြောင်းမကြီးဟာ အလျား ၄ မိုင်၊ အကျယ် ၆ ပေကျယ်ဝန်းပြီးတော့ ၎င်းရေပိုလွှဲပင်မ Main မြောင်းမကြီးဟာ ယခုအခါ သဲနုန်းများထိုင်ခြင်း၊ ရေမြောင်းပေါင်များ ပျက်စီးနေခြင်း၊ အချို့နေရာများမှာ တောင်ကျရေများ ထိုးဆင်းခြင်းကြောင့် ချိုင့်ဝှမ်းများဖြစ်ပေါ် ပြီးတော့ ပျက်စီးနေရပါတယ်။ ရေလှောင်တမံအတွင်းမှာ ရေရရှိသော်လည်း မြောင်းမကြီးနှင့် ခွဲသောက်မြောင်းတို့မှာ ပျက်စီးတိမ်ကောနေတဲ့ ကွင်းအမှတ် ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၇၊ ၂၀၁၈ ကွင်းများရှိ လယ်ဧက ၄၀၀ နီးပါးခန့် ကုက္ကိုတန်းအုပ်စု ကုက္ကိုတန်း ရှမ်းရွာရှိ သောက်သုံးရေကန်ကြီး ၂ ကန် ရေအခက်အခဲများနှင့်ကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ သက်တော် ရေလှောင်တမံ (၂) ရဲ့ လိုအပ်လျက်ရှိတဲ့ ပင်မရေပေးမြောင်းမကြီးနှင့် မြောင်းလက်တံများအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ပြုလုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
[ ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်ကိုယ်စား ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]