(က)-မောက်မယ်မြို့နယ်၊ မြို့နယ် သမဝါယမ ဦးစီးဌာနရုံး ပြန်လည်ဆောက်လုပ်ခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

မောက်မယ်မြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနရုံး သည် မြို့နယ်ဝန်ထမ်းရုံးပေါင်းစုံ ရုံးဝင်းအတွင်း၌တည်ရှိပြီး ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးအဆောင် ဖြစ်ပါသည်။ ယခင်ကမူလတန်းကျောင်းဆောင် အဆောက်အဦဟောင်းဖြစ်ပြီး နှစ်ကာလကြာညောင်း ပြီဖြစ်ရာ ဘက်ပေါင်းစုံမှပျက်စီး ယိုယွင်းနေပြီဖြစ်ပါသည်။ မြို့နယ်ရုံးပေါင်းစုံဝင်းအတွင်း၌ တစ်ခု တည်းသာကျန်ရှိတော့သည့် အဆောက်အဦဟောင်းဖြစ်ပါတယ်ခင်ဗျား။ လက်ရှိမြေကွက် ဝ.၄၅ ဧက ပေါ်တွင် ရုံးပြန်လည်ဆောက်လုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်း တစ်ရပ်ကို လွှတ်တော်မှတစ်ဆင့် ရိုသေစွာမေးမြန်းအပ်ပါတယ်။  မောက်မယ်မြို့နယ် မြို့နယ် သမဝါယမဦးစီးဌာနရုံး ပြန်လည်ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရမှ မည်သည့် ဘဏ္ဍာရေးနှစ်တွင် မည်ကဲ့သို့ကူညီပံ့ပိုးနိုင်မည်ကိုသိရှိလိုသည့်အတွက် မေးမြန်းပါသည်။