(င)-မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-23

မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ Economic Service of Burma ပြည်သူသို့အစီရင်ခံစာ၊ ပြည်သူ့လွှတ်တော်သို့အစီရင်ခံစာ၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြချက်ဟူ၍ အမည်အမျိုးမျိုးဖြင့် နိုင်ငံတော်၏လူမှုစီးပွားအခြေအနေများကို ၁၉၉၇-၁၉၉၈ ခုနှစ်အထိ နှစ်စဉ် စဉ်ဆက်မပြတ်ထုတ်ပြန် ပေးခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ထင်သာမြင်သာရှိမှု၊ ပွင့်လင်းမှု Transparency ကိုလည်းဖော်ဆောင် ရာရောက်ပါတယ်။ ယင်းအစီရင်ခံစာရပ်တန့်သွားတဲ့နှစ်ကာလများမှာ ပြင်ပနိုင်ငံများမှ သေချာမှု၊ မှန်ကန်မှုမရှိတဲ့ ခန့်မှန်းခြေကိန်းဂဏန်းများကိုသာအမှန်အဖြစ် မှတ်ယူသုံးစွဲနေရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တင်ပြချက်ကို ဆက်လက်ထုတ်ပြန် တင်ပြသွားရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။