(က)-၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံကြွေးမြီ (Public Debt)၊ လည်ပတ် နေသောငွေကြေး (Currency in Circulation)၊ အလုပ်လက်မဲ့အခြေအနေ၊ နိုင်ငံခြားအရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုးမည်မျှရှိသနည်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတင်ပြချက် အစီရင်ခံစာတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးစာရင်းတွင် အသားတင်လိုငွေကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီ ပြဿနာများ  ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို ပြည်သူ များ သိရှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်းအပ်ပါတယ်ခင်ဗျား။ (က) ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံကြွေးမြီ  (Public Debt) စုစုပေါင်း မည်မျှရှိပါသနည်း။ () မြန်မာနိုင်ငံတွင် လည်ပတ်နေသောငွေကြေး (Currency in Circulation) မည်မျှရှိပါသနည်း။ () ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ အလုပ်လက်မဲ့မည်မျှရှိပါသနည်း။ () မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေနှင့်ရွှေ (Foreign Exchange and Gold Reserve) တန်ဖိုး မည်မျှရှိပါသည်ကို သိလိုကြောင်း မေးမြန်းပါသည်။