(င)-မောင်တောမြို့အဝင်တံတား မိုင်တိုင်အမှတ် (၁/၁၅)ကို ၃ နှစ်ခန့်အချိန်ကြာမြင့်စွာ တည်ဆောက်နေပါ သောကြောင့် ဒေသခံပြည်သူများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများစွာ ကျဆင်းနေ ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-23

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့ မြို့အဝင်တံတား မိုင်တိုင်အမှတ် (/၁၅)ကို ၂၀၁၀ ခုနှစ်မှာ နိုင်ငံတော်ဘဏ္ဍာငွေ သိန်းပေါင်း ၂၈၁၅ သိန်း ဖြင့် တည်ဆောက်ရန်ခွင့်ပြုပြီး အလျား ၁၀၈ ပေ၊ အနံ ၃၀ ပေ ရှိတဲ့ သံကူကွန်ကရစ် အမျိုးအစား တံတားအား စတင်တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ ပထမအရစ်အဖြစ် ကျပ်သိန်းပေါင်း ၇၄၅ သိန်း ကိုရရှိပြီးတော့ တံတားတည်ဆောက်ရေးလုပ်ငန်းတွေကို စတင် တည်ဆောက်ခဲ့ပါတယ်။ အဲလို တံတားတည်ဆောက်နေစဉ်မှာ နိုင်ငံတော်၏ ခွင့်ပြုငွေ လုံလောက်စွာ ထပ်မံချပေးမှုမရှိသဖြင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။ ဒါ့အပြင် တံတား အောက်ခြေမှာ ရေလည်တိုင် တိုင် စိုက်ထူရာ၌ မြေအောက်ကျောက်မာများ တွေ့ရှိရသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရတယ်လို့ သိရှိရခဲ့ပါတယ်။ လမ်းတံတားအထူးအဖွဲ့ () မှ မြေအောက် ကျောက်မာများအား ကျောက်ဖောက်စက်များ ငှားရမ်းပြီးပြုပြင်နေရတဲ့အတွက်  ၂၀၁၂ ခုနှစ်အထိ လုပ်ငန်းများ ပြီးစီးမှုမရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ နောက်ထပ် ခွင့်ပြုငွေ ကျပ်သိန်းပေါင်း ၂၀၇၁ သိန်း ထပ်မံခွင့်ပြုပြီးတော့ တည်ဆောက်လျက်ရှိရာ  ၂၀၁၂ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းလောက်တွင် ပြီးအောင်ဆောင်ရွက်မယ်လို့    သိရှိရပါတယ်။ မောင်တောမြို့ သံကူကွန်ကရစ်တံတား စင်းအား နှစ်ခန့် အချိန်ကြာမြင့်စွာတည်ဆောက်နေပါသဖြင့် ဒေသခံ ပြည်သူပြည်သားများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှု များစွာကျဆင်းစေပြီး၊ လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခံစားနေရခြင်းအား နိုင်ငံတော်နှင့် ဒေသခံပြည်သူပြည်သားများ အကျိုးအတွက် ကျွန်တော့်အနေနဲ့ မေးမြန်းလိုတဲ့မေးခွန်းကတော့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မောင်တောမြို့အဝင် တံတားမိုင်တိုင်အမှတ် (/၁၅) ကို  နှစ်ခန့် အချိန်ကြာမြင့်စွာ တည်ဆောက်နေပါသောကြောင့် ဒေသခံပြည်သူများရဲ့   ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ကျဆင်းစေပြီး၊ လမ်းပန်းဆက်သွယ်သွားလာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ခံစားနေရခြင်းအား  နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ပံ့ပိုးကူညီ ဖြေရှင်းဆောင်ရွက်ပေးမည် ဆိုတာကို သိလိုကြောင်း မေးမြန်းပါသည်။

[ဦးအောင်ဇော်ဝင်း၊ မောင်တောမဲဆန္ဒနယ် ကိုယ်စား ဦးရွှေမောင်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ မေးမြန်းပါသည်။]