(င)-ပြည်တွင်းပဋိပက္ခကြောင့် ဒုက္ခရောက်သူများအား ပံ့ပိုးသည့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-23

တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အထူး သဖြင့် ကျွန်တော်တို့ ရှမ်း၊ ကချင်၊ ကရင် အစရှိတဲ့ တိုင်းရင်းသားဒုက္ခသည်များဟာ မိမိတို့နိုင်ငံ အတွင်းမှာ အားကိုးရာ၊ နားနေရာစခန်း၊ ထောက်ပံ့ရေးစခန်းများမရှိခြင်းကြောင့် တောထဲတို့၊ နယ်စပ် တို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါကြောင့် ဒုက္ခသည်များအတွက် ကြီးမားတဲ့ထပ်ဆင့် ဒုက္ခများခံစားနေရပါတယ်။ ဤကဲ့သို့သော အခြေအနေများကြောင့် ပြည်ပမီဒီယာများက ဒုက္ခသည် များနဲ့ပတ်သက်ပြီး ပုံကြီးချဲ့ ချဲ့ထွင်ပြောဆိုနေမှုများရှိနေပြီး မလိုလားအပ်တဲ့ ထိခိုက်နစ်နာမှုများ ပိုမိုများပြားလာနေပါ တယ်။

ဤပဋိပက္ခများကြောင့် အတိဒုက္ခ ရောက်နေကြတဲ့သူများအား သဘာဝဘေးအန္တရာယ်ကျရောက်ပြီး အတိဒုက္ခရောက်နေကြတဲ့ပြည်သူ များကဲ့သို့ ဥပမာ - နာဂစ်မုန်တိုင်း၊ တာချီလိတ်ငလျင်ကဲ့သို့ကူညီပံ့ပိုးပေးမည့် လူမှုကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။