(ခ)-ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးခဲ့သော တရားစီရင်ရေး မဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်းဝန်းကူညီ ထောက်မပေးရေး အဆိုနှင်‌့စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စီမံ ဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ကျွန်တော်တို့ ကော်မတီရဲ့ဥက္ကဋ္ဌ သူရဦးအောင်ကိုမှ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ခိုင်စေရန် အတွက် ဝိုင်းဝန်းကူညီထောက်မပေးရေးအဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ ယင်းအဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အများစုမှ ထောက်ခံအတည်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့အဆိုမှာ ပထမ ဥပဒေပြုရေးမဏ္ဍိုင်၊ ဒုတိယ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တတိယ တရားစီရင်ရေးမဏ္ဍိုင်၊ စတုတ္ထ သတင်းမီဒီယာမဏ္ဍိုင်၊ ပဉ္စမ ပြည်သူ့ကိုယ်စားလှယ်များ အကျုံးဝင်ပါရှိတဲ့ ပြည်သူလူထုမဏ္ဍိုင် ဖြစ်ပါတယ်။ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကို ကျန်တဲ့ မဏ္ဍိုင် ရပ်က ဝိုင်းဝန်းထောက်မထိန်းညှိပေးရန် ဖြစ်ပါတယ်။ ယင်းအဆိုနှင့်သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲထုတ်ပြန်လျှင် လက်ထောက် တရားလွှတ်တော် တရားရုံးအဆင့်ဆင့်သို့ ကြပ်မတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဖော်ပြပါ ပြည်သူ့လွှတ်တော်မှအတည်ပြုပေးခဲ့သော တရားစီရင်ရေးမဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်းဝန်း ကူညီထောက်မပေးရေးအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီမံဆောင်ရွက် ထားမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

[ဦးမြင့်ထွန်း၊ ကော့သောင်းမဲဆန္ဒနယ်ကိုယ်စား  ဦးစိုးအောင်၊ သဲကုန်းမဲဆန္ဒနယ်က မေးမြန်း ပါသည်။]