(င)-ပင်းတယကျန်းမာရေးဦးစီးဌာနနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် ယခင်က မြို့နယ်ဆရာဝန်ကြီး တစ်ဦးသာရှိခဲ့ပြီး ယခုအခါထပ်မံ၍ လက်ထောက်ဆရာဝန်တစ်ဦးရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ ထပ်မံ၍ လိုအပ်လျက်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်သွားတစ်ဦး၊ ဓာတ်မှန်ကျွမ်းကျင်-၃ တစ်ဦး၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဆေးမှူးတစ်ဦးစသည့် ကျန်းမာရေးဝန်ထမ်းများအား ခန့်အပ်တာဝန်ပေးနိုင်မည့် အစီအစဉ် များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။