(ဂ)-၁၀ ဧကအထက် စိုက်စရိတ်ချေးငွေနှင့် ပျက်စီးသီးနှံများအတွက် အရေးပေါ်ရန်ပုံငွေနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ကျွန်တော်မေးမြန်းလိုတာကတော့ နှစ်စဉ်စိုက်စရိတ်ချေးရာမှာ စိုက်ဘဏ်က ငွေကျပ်တစ်သိန်းလျှင် ၆၀၀၀ ဖြတ်ယူကောက်ခံပြီး တောင်သူလယ်သမားများရဲ့ စုဆောင်းငွေ အဖြစ်ထားရှိကြောင်း ကိုလည်းသိရှိခဲ့ရပါတယ်။ လယ် ၁၀ ဧကအထက်လုပ်ကိုင်သူများကိုလည်း ၁၀ ဧကအတွက်သာ ချေးငှားကြောင်း သိရှိရပါတယ်။ လယ် ၁၀ ဧကအထက်လုပ်ကိုင်နေသော တောင်သူလယ်သမားများကို စိုက်ဧကပြည့်ငွေချေးငှားပေးရန် အစီအစဉ်ရှိပါသလား။ လယ်သမားတို့ ၏ အမတော်ကြေးမှ စုဆောင်းငွေများမှာ ဆယ်စုနှစ်၊ နှစ်ခုစာမျှရှိနေပြီဖြစ်ရာစုငွေများကို ပုံမှန် စိုက်စရိတ်အဖြစ်ချေးငှားရာတွင် အသုံးမပြုဘဲ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် အရေးပေါ်ရန်ပုံငွေအဖြစ် သီးသန့်ထားရှိရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။