(ခ)-၂၀၁၅ ခုနှစ်တွင် AFTA အတွင်းဝင်ရောက်မည်ဖြစ်၍ ပြည်တွင်း SME လုပ်ငန်းရှင်များအနေဖြင့် လက်ရှိဘဏ်ချေးငွေများအပေါ်ပေးနေရသောဘဏ်တိုးနှုန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းသို့လည်းကေ
ဒီကနေ့ မြန်မာနိုင်ငံရဲ့ AFTA ဇုန်အတွင်းမှာ မဝင်ရောက်ခင်မှာ လိုအပ်တဲ့ မေးခွန်းများကို မေးမြန်းခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းနှင့်ပတ်သက်ပြီးတော့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်က အထူးနှုန်းနဲ့ငွေချေးပေးနေတာကိုလည်း သိရှိပြီးဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဘဏ်တွေကနေပြီးတော့ ယခုတင်ပြတဲ့အတိုးနှုန်းနဲ့ လုံလုံလောက် လောက် ချေးပေးနိုင်ဖို့အတွက် မေးမြန်းခြင်းဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ၂၀၁၅ ခုနှစ်မှာ AFTA (ASEAN Free Trade Area) ကို ဝင်ရောက်တော့မည် ဖြစ်ပါ၍ ပြည်တွင်းမှာရှိတဲ့ SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အနေဖြင့် ယှဉ်ပြိုင်မှု အားကောင်းနိုင်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန် လက်ရှိဘဏ် ချေးငွေ များ အပေါ်ပေးနေရသော ဘဏ်တိုးနှုန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပေးရန် ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များကလိုလားနေကြပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ထိုသို့လျှော့ချပေးနိုင်ရန် စီစဉ်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။