(က)-လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံနှင့် ပုဂ္ဂလိကကို လွှဲပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံတို့နှင့့််စပ်လျဉ်းသည့်မေးခွန်းနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ ငွေကြေး ဖောင်းပွမှု မည်မျှရှိပါသနည်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေတင်ပြချက် အစီရင်ခံစာတွင် ၂၀၁၁-၂၀၁၂ ယာယီစာရင်းများအရ နိုင်ငံပိုင်အခန်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘီလီယံ ၃၀၃.၆၀ ရှိပြီး ၂၁.၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက် စီးပွားရေးစနစ်နှင့် နိုင်ငံတော်အား တည်ဆောက်ရာတွင် နိုင်ငံပိုင်အခန်းကို လျှော့ချရန် လိုအပ်ပါ တယ်။ သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန် မေးမြန်းအပ်ပါတယ်-
(က) လက်ရှိနိုင်ငံတော်တွင် ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံ မည်မျှရှိပါသနည်း။
(ခ ) လောလောဆယ် ပုဂ္ဂလိကကို လွှဲပြောင်းပေးရန် ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများ ရှိပါသလား။ ရှိလျှင် ဘယ်စက်ရုံတွေ ဖြစ်ပါသလဲ။ ဘယ်လိုပုံစံနှင့်လွှဲပေးမှာ ဖြစ်ပါသလဲ။ ဘယ်လိုဈေးနှုန်းတွေ သတ်မှတ်ပြီး လွှဲပေးမှာ ဖြစ်ပါသလဲဆိုတာကို မေးခွန်းနံပါတ်(၁) အနေနဲ့ မေးမြန်းအပ်ပါတယ်ခင်ဗျား။
မေးခွန်းနံပါတ် (၂) ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးတင်ပြချက် အစီရင်ခံစာမှာ ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးစာရင်းမှာ အသားတင်လိုငွေ ကျပ် ၂၁၆၁၁၁၃ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ ကြွေးမြီပြဿနာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေကို သိရှှိနိုင်ရန်အတွက် အောက်ပါမေးခွန်းများကို ဖြေကြားပေးပါရန်ဆိုပြီးတော့ ကျွန်တော် မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) မည်မျှရှိပါသနည်း ကို မေးမြန်းပါသည်။