(က)-စီမံကိန်းဖြစ်သော မိုးပွင့်အဆင့်မဟုတ်ဘဲ ရုံးတွင်လာရောက်သူ တိုင်းရင်းသား ပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

နေ့စဉ်ထုတ်သတင်းစာများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်အဆင့်များကို ကွင်းဆင်းဆောင်ရွက်ပေးနေတာကို နေ့စဉ် နေ့တိုင်း မြင်တွေ့နေရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် လူ့ဘဝ တစ်သက်တာအတွက် ကျွန်တော် အမြဲတမ်းပြောနေတဲ့ အခြေခံအကျဆုံးနှင့် ဦးဆောင်မှု အပေးနိုင်ဆုံး သော ဌာနဖြစ်သည်နှင့်အညီ ပြည်သူများကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ (၁) မိုးပွင့်စီမံကိန်း မဟုတ်ဘဲနှင့် ရုံးတွင်လာရောက်သူ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးနိုင်ပါသလား။ (၂) နိုင်ငံသားစိစစ်ရေးကတ်ပြား များ လျှောက်လွှာများကို လျှောက်ထားပါက ရက်ပေါင်းမည်မျှကြာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ထုတ်ပေးနိုင်ပါသနည်း။ (၃) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်စီမံချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)နှင့်အညီ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော်ကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာ မည်သည့်နေရာဒေသမဆို ကွင်းဆင်း၍ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။