(ခ)-စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအား (Direct Knock Down) အနေဖြင့် ယာဉ်အမျိုးအစားအလိုက် တင်သွင်းခွင့်ပြုပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး တပ်ဆင်ထုတ်လုပ်ခွင့်ပေးနိုင်၊ မပေးနိုင်နှင့်စပ်လျဉ်းသည့်မေးခွန်း
စက်မှုဇုန်လုပ်ငန်းရှင်များ၊ အလုပ်သမားများစဉ်ဆက်မပြတ်အလုပ်ရရှိပြီး အဆင့်မီသော ယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဇုန်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအား DKD (Direct Knock Down) အနေဖြင့် အောက်ပါယာဉ်အမျိုးအစားများကို တင်သွင်းခွင့်ပြုပြီး လမ်းမပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေးအတွက် Fully Recondition နှင့် Modification များပြုလုပ်ပြီး တပ်ဆင်ထုတ်လုပ်ခွင့်ပေးနိုင်/မပေးနိုင်သိရှိလိုပါတယ်။ တပ်ဆင်ထုတ်လုပ်လိုသော မော်တော်ယာဉ်အမျိုးအစားများမှာ (က) Mini Light Truck ၁ တန်အောက်၊ (ခ) Light Truck ၁ တန်မှ ၁ တန်ခွဲ၊ (ဂ) ၂ တန်နှင့်အထက် Truck များ၊ (ဃ) ၆ ဘီး၊ ၈ ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီးနှင့် Dump Truck များ၊ (င) City Bus, Express Bus များနှင့် Mini Bus, Micro Bus များ၊ Medium Bus များနှင့် လူ ၅၀ နဲ့အထက်ဆန့်သော Bus များကို စက်မှုဇုန်လုပ်ငန်းရှင်များနှင့် လုပ်သားများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် တင်ပြပါအတိုင်း ထုတ်လုပ်ခွင့်ပေးနိုင်၊ မပေးနိုင် သိရှိလိုပါကြောင်း မေးမြန်းပါသည်။