(စ)-မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂၇) နှင့် အမှတ်(၃၂) အခြေခံပညာ မူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းသည် မင်္ဂလာဒုံ မြို့နယ် (၁၄)ရပ်ကွက်နှင့် ထိစပ်မြို့နယ်များဖြစ်တဲ့ မှော်ဘီမြို့နယ် ရဲစုကြီးကျေးရွာနှင့် ဝက်ကြီးကျေးရွာ တို့မှ ကျောင်းသူ ကျောင်းသားများ အားကိုးအားထား ပညာသင်ကြားနေရသော ကျောင်းဖြစ်ပါတယ်။ အမှတ်() အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသား ကျောင်းသူများ များပြားသဖြင့် နှစ်ချိန်ကျောင်းအဖြစ် သင်ကြားပို့ချနေရတာ ကျွန်တော်ငယ်စဉ်ဘဝကတည်းကနေ ယနေ့တိုင် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အမှတ်(၂၇)နှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းများ သည် မြေနေရာ ကျယ်ဝန်းခြင်း၊ အဆောက်အဦများရှိခြင်းတို့ကြောင့် အခြေခံပညာအလယ်တန်း အဆင့်သို့ တိုးမြှင့်ပေးမည်ဆိုပါက အမှတ်()အခြေခံပညာအထက်တန်းကျောင်းသည် စာသင်ကြား မှုနှင့် နေရာအခက်အခဲအား ထိုက်သင့်သလောက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အမှတ်(၂၇)နှင့် အမှတ်(၃၂) အခြေခံပညာမူလတန်းလွန်ကျောင်းများအား ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အမီ အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးပါရန်နှင့် တိုးမြှင့်ပေးရန်အစီ အစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။