(ဃ)-ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာအုပ်စုသို့ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-25
ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စုသည် ယခင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသော်လည်း ယခုအခါတွင် မြို့ကွက်တိုးချဲ့ခြင်းကြောင့် မြို့နှင့် တစ်ဆက်တစ်စပ်တည်းရှိသော ကျေးရွာအုပ်စု အဖြစ်သို့ရောက်ရှိလာပါသည်။ တောပုန်းကျေးရွာ အုပ်စု တောပုန်းရွာတွင် အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ ၄၀၀၀ ကျော်ခန့်အပြင် ဘုန်းတော်ကြီး ကျောင်း နှစ်ကျောင်းရှိသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပါသည်။ ရွှေကူမြို့နယ်သည် ယခုအခါ ၂၄နာရီ မီး ရရှိသော်လည်း တောပုန်းကျေးရွာမှ ပြည်သူများသည် ယနေ့အထိ လျှပ်စစ်မီးမရရှိသေးကြောင်း တောပုန်းကျေးရွာအုပ်စုမှ ဆရာတော်များနှင့် ပြည်သူတို့က တင်ပြတောင်းဆိုလာပါတယ်။ သို့ဖြစ်ပါ၍ တောပုန်းကျေးရွာအုပ်စုသို့ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ။ အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။