(ခ)-ယာဉ်မတော်တဆဖြစ်ပွားမှုများတွင် တာဝန်သိပြည်သူများမှ အချိန်နှင့်တစ်ပြေးညီကူညီစောင်‌့ရှောက် ပေးနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-25

ယနေ့ နိုင်ငံတော်မှာ တိုးတက်များပြားလာသောလူဦးရေနဲ့အညီ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စသည့် စက်တပ်ယာဉ်များမှာလည်း တိုးတက်များပြားလာသည်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ယာဉ် အစီးရေတိုးတက်များပြားလာသည်နဲ့အညီ ယာဉ်မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများမှာလည်း နိုင်ငံ အဝှမ်းမှာ နေ့စဉ်နဲ့အမျှကြားသိခဲ့ရပါတယ်။ သေဆုံးသူများရှိသလို ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများထဲမှ အချို့သည်ဆေးရုံသို့အချိန်မီရောက်ရှိခြင်းမရှိသည့် အတွက် မသေသင့်ပဲသွေးလွန်၍သေဆုံးနေရသည်ကိုလေ့လာသိရှိခဲ့ရပါတယ်။ ထိုသို့ သေဆုံးရခြင်း မှာ ယာဉ်တိုက်မှုဖြစ်ပွားခြင်းဟာ သတင်းပေးနောက်ကျ၍သော်လည်းကောင်း၊ တာဝန်ရှိသူများမှ ယာဉ်ကိုမှတ်တမ်းယူနေ၍သော်လည်းကောင်း၊ မျက်မြင်သက်သေရှာနေ၍သော်လည်းကောင်း အချိန် ကြာမြင့်လျက်ရှိပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာဝန်ထမ်းများအခင်းဖြစ်ပွားသည့် နေရာသို့မရောက် ရှိခင် ယာဉ်တိုက်မှုဖြစ်ပွားသောနေရာမှလူနာများဟာ အချိန်မီနီးစပ်ရာဆေးရုံသို့  တာဝန်သိပြည်သူ များမှ အလျင်အမြန်ပို့ဆောင်ပေးနိုင်ပါက မသေသင့်ဘဲသေဆုံးမှုများလျော့ကျနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တာဝန်သိပြည်သူများအနေဖြင့် နီးစပ်ရာဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးချင် သော်လည်း ဥပဒေနဲ့ငြိစွန်းမည်ကိုစိုးရိမ်သည့်အတွက် ကူညီပေးနိုင်ခဲ့ခြင်းမရှိသည်ကိုသိရှိခဲ့ရပါတယ်။ ထို့ကြောင့် ယာဉ်မတော်တဆမှုများတွင် တာဝန်သိပြည်သူများမှ အချိန်နဲ့တစ်ပြေးညီ အပြစ် ကင်းရှင်းစွာဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန်လိုအပ်ချက်များကိုသိရှိထားမည်ဆိုပါက ကူညီဆောင်ရွက် ပေးသည့်ပြည်သူများအတွက်ရော လူနာများအတွက်ပါအကျိုးရှိစေမှာဖြစ်သည့်အတွက် လူနာများအား နီးစပ်ရာဆေးရုံသို့ သက်ဆိုင်ရာမှမရောက်ရှိခင် အလျင်အမြန်ပို့ဆောင်ပေးပါက ဥပဒေနဲ့ငြိစွန်းမှုရှိ၊ မရှိသိရှိလိုပါကြောင်း ဖြေကြားပါသည်။