(ဆ)-ကျွဲပွဲမြို့တွင်လက်ရှိသုံးစွဲနေသော ၃၃/ဝ.၄ကေဗွီ ဓာတ်အား ပေးစနစ် အစား ၃၃/၁၁.၄ ကေဗွီ ဓာတ်အား ခွဲရုံတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-25

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့သည် ယခုအခါမှာ လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဖြန့်ဖြူးပေးနေပြီး လက်ရှိသုံးစွဲနေသော ဓာတ်အားစနစ်မှာ ၃၃/ဝ.၄ ကေဗွီစနစ် ဖြစ်သည့်အတွက်ကြောင့် ကျွဲပွဲမြို့တစ်မြို့လုံးရှိ အိမ်ပေါင်း ၁၈၀၀ ကျော်၊ လုပ်ငန်းသုံးမီတာ အလုံး ၄၀ ခန့်ရှိရာ မီးအားမနိုင်သည့်အတွက်ကြောင့် မြို့နေပြည်သူများမှာ လျှပ်စစ်မီးအခက်အခဲများကို ခံစားနေရသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၃၃/၁၁.၄ ကေဗွီဓာတ်အားခွဲရုံ စနစ်တပ်ဆင်နိုင်မည်ဆိုပါက ကျွဲပွဲမြို့သာမက နီးစပ်ရာကျေးရွာများသို့လည်း လျှပ်စစ်ဓာတ်အား ပေးနိုင်သည့်အပြင် နောက်ထပ် အိမ် ၃၀၀၀ လောက်ကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျွဲပွဲမြို့အား ၃၃/၁၁.၀၄ ကေဗွီစနစ်ဓာတ်အားခွဲရုံအား တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။