(ဇ)-လျှပ်စစ်မြစ်ရေတင်စီမံကိန်းတစ်ခုချင်းက အသုံးပြုလာမည့်ဗို့အားနှင့် စီးအားအပြည့်အဝပို့လွှတ်ရေး အာမခံနိုင်မှုရှိ/မရှိနှင့် ရှိပါကမည်သည့်ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းများကိုသိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-25

လျှပ်စစ်မြစ်ရေတင်စီမံကိန်းတစ်ခုချင်းက အသုံးပြုလာမည့်ဗို့အားနှင့် စီးအားအပြည့်အဝပို့လွှတ်ရေးကို ပုံမှန်ဓာတ်အား ဖြန့်ဖြူးမှုအားမထိခိုက်စေဘဲ ရရှိစေရန် အာမခံနိုင်မှုရှိ/မရှိနှင့် ရှိပါကမည်သည့် ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းများကိုသိလိုသည်  နှင့်စပ်လျဉ်းသည့် မေးခွန်း

မြန်မာနိုင်ငံသည် အမြဲတမ်း စီးဆင်းနေသည့်မြစ်များ၊ ချောင်းများပေါများသည့်အတွက် မြစ်၊ ချောင်းများ၏ ရေ သယံဇာတကိုအသုံးချရန် တောင်သူလယ်သမား များ၏ အကျိုးကိုဖော်ထုတ်ပြီး လျှပ်စစ် မြစ်ရေတင်များကို ပြီးခဲ့သည့် တပ်မတော်အစိုးက အနာဂတ်ကို မျှော်မှန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ဟု မိမိတို့ကဒီလိုခံယူသုံးသပ်ပါကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်ကို အပြည့်အဝရရှိရေးအတွက် ကျိုးပမ်း ဆောင်ရွက်နေသည် ကိုလည်း သိရှိပါကြောင်း၊ လျှပ်စစ်အာမခံချက်မပေးနိုင်သေးသည့် မြစ်ရေတင်စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ ဒီဇိုင်း ပြောင်းလဲခြင်း၊ နေရာပြောင်းလဲခြင်းပြီး လျှပ်စစ်အာမခံချက်မပေးနိုင်သေးလျင် ပေးနိုင်သည့် ကာလကို သိရှိလိုပါကြောင်း၊ လျှပ်စစ်အာမခံချက်ရရှိနိုင်သည့် စီမံကိန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ရည်ရွယ် ချက်ထားပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့နောက် လျှပ်စစ်မြစ် ရေတင်များနှင့် ဆက်လက်အကောင်အထည်ဖော်ရန်ရှိသည့် နှစ်အလိုက် ပြီးစီးမည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း တစ်ခုချင်း၏ အသုံးပြုလာမည့်လျှပ်စစ်ဓာတ်အား၊ ဗို့အားနှင့် စီးအားအပြည့်အဝ ပို့လွှတ်ရေးကို ပုံမှန်ဓာတ်အား ဖြန့်ဖြူးမှုစနစ်အားထိခိုက်မှုမရှိစေဘဲရရှိစေရန် အာမခံနိုင်မှုရှိ/မရှိနှင့် မရှိပါက မည်သည့်တိုင်းဒေသကြီး/ပြည်နယ်မှမည်သည့်ဒေသတွင် ဆောင်ရွက်မည့် မြစ်ရေတင်စီမံကိန်းများ ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။