(က)-ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၇၆) မိုင်တွင် ဆောက်လုပ်ထားသော 76 MILE MINI REST CAMP နှင့် ပတ်သက်၍ ယခုလေးလမ်းသွား အမြန်လမ်းမကြီးကို ခြောက်လမ်းသွား (သို့) ရှစ်လမ်းသွားအဖြစ် တိုးချဲ့မည်ဆိုပါက ထိုအဆောက်အအုံနှင့် လွတ်ကင်းမှုရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၇၆ မိုင်တွင်ဆောက်လုပ်ထားသော 76 Mile Mini Rest Camp သည် နိုင်ငံတော်ဘတ်ဂျက်ငွေ အမြောက်အမြားသုံးစွဲ၍ ကျခံဆောက်လုပ်ထားသော်လည်း အများပြည်သူများအတွက် အကျိုးမရှိ ဖြစ်နေပါသောကြောင့် အောက်ပါအချက်များကို သိလိုပါသဖြင့် သက်ဆိုင်ရာကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ 76 MILE MINI REST CAMP ကို ပြည်ထောင်စုအစိုးရ သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ မည်သည့်အစိုးရအဖွဲ့၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ်နှင့် ဆုံးဖြတ်ချက်အမှတ်စဉ်ကိုလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူးကို မျှော်မှန်းပြီး ဆောက်လုပ်ခဲ့ သည်ကိုလည်းကောင်း၊ ဘဏ္ဍာငွေမည်မျှ ကုန်ကျခဲ့သည်ကိုလည်းကောင်း၊ ယခုအခါ မည်သည့်စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်အား မည်သို့သော စာချုပ်ဖြင့် ငှားရမ်းချုပ်ဆိုထားသည်ကိုလည်းကောင်း၊ ဒေသခံပြည်သူများကို မည်ကဲ့သို့ အကျိုးပြုခဲ့သည်ကို လည်းကောင်း၊ ရင်းနှီးမြှုပ်နှံထားသော ဘဏ္ဍာငွေ၏ အရင်းကျေကာလကို လည်းကောင်း၊ အမြန်လမ်းမကြီးဘေးတွင် ကပ်လျက်ဆောက်လုပ်ထားပါသောကြောင့် အမြန်လမ်းမကြီးဧရိယာ အတွင်း ကျရောက်နေပါသဖြင့် အမြန်လမ်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကိုလည်းကောင်း၊ အကယ်၍ ယခုအမြန်လမ်းမကြီးကို အမြန်လမ်းမကြီး ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား အမြန်လမ်းမကြီးအဖြစ် တိုးချဲ့မည်ဆိုပါက ထိုအဆောက်အအုံသည် လွတ်ကင်းမှုရှိ/မရှိ ကိုလည်းကောင်း သိလိုပါကြောင်း မေးမြန်းပါသည်။