(က)-လုံရုံးအုပ်စု လောက်ဖန်းကျေးရွာအတွက် ကျေးလက် ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန်နှင့် မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-25
နောင်ချိုမြို့နယ်သည် စုစုပေါင်း ၈ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂၅ ခုတင်ဆံ့ဆေးရုံနှင့် ၈ မိုင်ကွာဝေးကြောင်း၊ အိမ်ခြေစုစုပေါင်း ၄၃၅ အိမ်၊ လူဦးရေ စုစုပေါင်း ၂၆၂၆ ဦးနှင့် လောက်ဖန်း ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းမိသားစုဦးရေ ၄၅၀ ကျော်ရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖွင့်လှစ်ပေးခြင်းဖြင့် လောက်ဖန်းကျေးရွာအပြင် နီးစပ်ရာကျေးရွာများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်မှာဖြစ်ပါ၍ လုံရုံးအုပ်စု လောက်ဖန်း ကျေးရွာ အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ် ပေးမည်ဆိုပါက မည်သည့် အချိန်ကာလတွင် ဖွင့်လှစ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသွားခဲ့ပါသည်။