(ဂ)-လူငယ်အချို့ “ကော်” ရှုသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ်ထွက်ရေး ဆောင် ရွက်သွားမည့် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
လူငယ်အချို့ကော်ရှူသုံးစွဲခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း အားမေးမြန်းရာတွင် လူငယ်အချို့ကော်ရှူ သုံးစွဲခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက မည်သို့ကာကွယ်တားဆီးထားပါကြောင်း၊ ဥပဒေအရ အရေးယူဆောင်ရွက် နိုင်မည့်အခြေအနေ မရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေပေါ်ထွက် လာရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ကော်ရှူသုံးသည့် လူငယ်များကို အရေးယူ ဆုံးမပေးရန် ရဲတပ်ဖွဲ့စခန်းကို အပ်နှံခဲ့ဖူးသော်လည်း တာဝန်ရှိသူများမှ အရေးယူရန် ဥပဒေမရှိပါဟု ပြောကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့ တင်ပြရခြင်းမှာလည်း မိမိတို့မြို့နယ်ကဲ့သို့ အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ဖြစ်စဉ်များရှိနေပါကြောင်း၊ လက်ရှိအခြေအနေ မှာတော့ ကော်ရှူသုံးစွဲခြင်းမှအစ လူငယ်အချို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်း လေလွင့်လူငယ်များကို အင်တာဗျူး မေးမြန်းခြင်းများကို ဂျာနယ်များတွင် တွေ့နေရပါကြောင်း၊ စိတ်ကြွဆေးပြား၊ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ ဘိန်းမဲသုံးစွဲခြင်းတွေလည်း ပါဝင်လာမှာ ဖြစ်ပါကြောင်း၊တီဗွီကော်နှင့် ပတ်သက်၍ လူငယ် တချို့သည် နည်းလမ်းမကျသော သုံးစွဲခြင်းကိုဆောင်ရွက်လာပြီး ဥပဒေနှင့်ဆန့်ကျင်သော အပြုအမူများကို ဆောင်ရွက်လာခြင်း များ တွေ့ရှိနေရပါကြောင်း၊ ဆေးဗူးတန်ဖိုးသည် ၆၀၀ ကျပ် ခန့်ရှိပါကြောင်း၊ ကော်ရှူခြင်းသည် လူငယ်များအတွက် အန္တရာယ်ရှိသောကြောင့် ကာကွယ်တားဆီးသွားရန် တာဝန်ရှိနေပါကြောင်း၊ လူငယ်များ၏ကောင်းမွနသော အနာဂတ်ကိုဖော်ဆောင် ပေးနိုင်ရန် တာဝန်ရှိ သူများက မည်သို့ကာကွယ်တားဆီးမည်နှင့် ဥပဒေ မရသေးပါက လည်း သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးမြန်း သွားခဲ့ပါသည်။